Follow us on Facebook

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 20, 2015

✔Facebook ​ပေါါ်မှအနုကြမ်းစီးမှုများ✔



Byဥက္ကာကိုကိုOn  Wed, 2015-05-20 09:30Issue No.အတွဲ (၁၄)၊ အမှတ် (၁၁)

-ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးဖြစ်သည့် သီရိတစ်ယောက် သူ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် တင်ထားသည့် အလှဓာတ်ပုံအချို့ကို ပြန်လည်ကူးယူ၍ မဟုတ်မမှန်စာသားများ ရေးထိုးကာ လိင်ပိုင်းဆိုင်ရာဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာအချို့ထံ ဖြန့်ဝေပစ်မည်ဟု ခြိမ်းခြောက်ခံနေရသဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။

ခြိမ်းခြောက်လာသူသည် အမျိုးသားတစ်ဦးဖြစ်ပြီး သူနှင့်လည်း မရင်းနှီးပါ။ ဖေ့စ်ဘွတ်ခ် Message Box မှတစ်ဆင့် ထိုသို့ပြုလုပ်မည်ဟု လာရောက်ပြောကြား ခြိမ်းခြောက်ခြင်းဖြစ်ပြီး ၎င်း၏စကားများကို နားမထောင်ပါက အရှက်ကွဲစေရမည်ဟု အကျပ်ကိုင်လာသည်။ သီရိ၏ ဓာတ်ပုံတစ်ပုံပေါ်တွင် ဓာတ်ပုံပညာဖြင့် ‘‘ပြည့်တန်ဆာမလေး’’စသည်ဖြင့် စာတန်းရေးထိုးပြုပြင်ထားသည့် ပုံတချို့ကို နမူနာအဖြစ် ပြသလာသည်။

အဆိုပါဓာတ်ပုံများကို မဖြန့်ဝေစေလိုပါက ပိုက်ဆံပေးရမည်ဟု ခြိမ်းခြောက်လာခြင်းဖြစ်သည်။သီရိတစ်ယောက် မည်သို့လုပ်ရမည်မသိပါ။ သူက မိကောင်းဖခင်သားသမီးတစ်ဦး ဖြစ်ပါသည်။ လူမှုကွန်ရက်တွင် ဟော့ဟော့ရမ်းရမ်း နေထိုင်ပြုမူပြောဆိုခြင်းမျိုးလည်းမရှိ။ ယခုကဲ့သို့ ဖြစ်ရပ်မျိုးလည်း တစ်ခါမှမကြုံဖူးခဲ့။


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မည်သူမှန်းမသိသည့် အမျိုးသားတစ်ဦး၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကို လက်ခံမည်လော။ ဒါမှမဟုတ် ၎င်းအကျပ်ကိုင်မှုကို ဂရုမထားဘဲ နေမည်လော။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ၀င်ရောက်သုံးစွဲသူ တစ်နေ့တခြား ပိုမိုများပြားလာပါသည်။

တန်ဖိုးနည်းဆင်းမ်ကတ်များ ပေါ်ပေါက်လာပြီး အင်တာနက်လည်း အလွယ်တကူချိတ်ဆက်လာနိုင်ကာ ဖုန်းဟန်းဆက်တိုင်းလိုလိုတွင် ပါဝင်လာသည့် ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်းက သုံးစွဲသူများကို တိုးပွားလာစေခဲ့သည်။

သို့ဖြစ်ရာ လူပေါင်းစုံ၊ စိတ်နေသဘောထားပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံသည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျားပန်းခပ်လာကြတော့သည်။ တစ်ဦးနှင့်တစ်ဦး အလွယ်တကူမိတ်ဆွေဖြစ်နိုင်ခြင်း၊ ကမ္ဘာအနှံ့၊ အနယ်နယ်အရပ်ရပ်မှ သတင်းများ၊ ဖြစ်ပျက်နေသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုအချင်းချင်း လွယ်ကူစွာ ဆက်သွယ်ပြောဆိုနိုင်ခြင်းတို့ကြောင့် ဖေ့စ်ဘွတ်ခ်သည် တခြားသော လူမှုကွန်ရက်စာမျက်နှာများထက် ပိုမိုဆွဲဆောင်မှုရှိနေသည်။

လူအများစု ၀င်ရောက်သုံးစွဲလာကြသည်နှင့်အမျှ ပြဿနာပေါင်းစုံကိုလည်း ဖန်တီးလာကြသည်။ အမုန်းပွားစေသည့် အပြောအဆိုအရေးအသားများကို ရေးသားလာကြသည်။ တစ်ဦးတစ်ယောက်ကို သိက္ခာချရန် လွယ်ကူလာသည်။

အလွယ်တကူ နာမည်ကြီးအောင် ဖန်တီးလာကြသည်။ လူအများစု၏ ယုံကြည်လွယ်မှုနှင့် ဆန်းစစ်ပိုင်းခြားနိုင်စွမ်းနည်းပါးမှုအချို့အပေါ် အခွင့်ကောင်းယူ၍ ကောလာဟလများကို အလွယ်တကူပင် ဖန်တီးလာကြသည်။ လူတစ်ဦးလျှင် အကောင့်တစ်ခုသုံးစွဲခြင်းထက် အကောင့်တုများ လွယ်ကူစွာ ဖွင့်လှစ်သုံးစွဲနေခြင်းက ပြဿနာများကို ဖန်တီးလာစေခဲ့သည်။

များသောအားဖြင့် အမုန်းပွားစေသည့် အရေးအသားများရေးသားသူ၊ ကောလာဟလသတင်းတုများ ဖန်တီးသူ၊ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် သိက္ခာချသူ၊ မိန်းကလေးငယ်များကို ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်လိုသူတို့သည် အကောင့်တုများဖြင့် ပြုလုပ်ကြခြင်းဖြစ်သည်။ အမည်ရင်းမဟုတ်၊ ပရိုဖိုင်ဓာတ်ပုံအစစ်မဟုတ်ဘဲ စုံစမ်းရန် ခက်ခဲသည့် မည်သူမည်ဝါမှန်းမသိနိုင်သည့် အကောင့်တုများက ပေါသထက်ပေါများလာနေသည်။

 ‘‘အခုဆို ဖေ့စ်ဘွတ်ခ်မှာ ကိုယ့်ဓာတ်ပုံတင်ရမှာတောင် လန့်လာတယ်’’ဟု သုံးစွဲသူအမျိုးသမီးတစ်ဦးကပြောသည်။

‘‘မင်းဓာတ်ပုံကို မကောင်းတဲ့ Page မှာ သွားတင်လိုက်မယ်။ နာမည်မပျက်ချင်ရင် ဖုန်းဘီလ်ငါးထောင်ဖိုး ခုချက်ချင်းထည့်ပေးပါဆိုပြီး ဖုန်းနံပါတ်ပေးပြီး ငွေညှစ်တာကြုံဖူးတယ်’’ဟု အသက်(၂၄)နှစ်အရွယ် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မလင်းလင်းမြတ်က သူ၏အတွေ့အကြုံကို ပြောပြသည်။

ထိုသို့ ခြိမ်းခြောက်ခံရမှုများကို အသက်ငယ်ရွယ်သည့် မိန်းကလေးတို့ အများဆုံးကြုံတွေ့နေကြရခြင်း ဖြစ်သည်။ သူတို့က မိမိရိုက်ကူးထားသည့် အလှဓာတ်ပုံများကို မိမိအကောင့်ထဲရှိ သူငယ်ချင်းမိတ်ဆွေများ ကြည့်ရှုနိုင်ရန် တင်လိုက်ကြသည်။ သို့ရာတွင် ဓာတ်ပုံလှလှတင်၍ နာမည်ကျော်လိုစိတ်ရှိသည့် မိန်းကလေးအချို့မှာ ပုံတင်ရာ၌ ကိုယ့်စာရင်းထဲရှိ မိတ်ဆွေများသာ မြင်နိုင်သည့် Friends Only အဖြစ် မတင်ဘဲ အားလုံးမြင်နိုင်သည့် Public အနေနှင့် တင်ကြရာမှ ခြိမ်းခြောက်အကျပ်ကိုင်လိုသူတို့အဖို့ အကြိုက်တွေ့ကြရသည်။

Friends Only အနေဖြင့် Post နှင့် Photo များကို တင်ပါက မိမိအကောင့်တွင်းရှိ သူငယ်ချင်းမိတ်ဆွေများသာ မြင်တွေ့နိုင်ပြီး Public အနေဖြင့် တင်ပါက ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မည်သူမဆို မြင်တွေ့နိုင်ကာ မိမိဓာတ်ပုံကို အလွယ်တကူ ကူးယူသိမ်းဆည်းခွင့်ပေးလိုက်သလို ဖြစ်တတ်သည်။

မိန်းကလေးတချို့ကတော့ မိမိထံ ခြိမ်းခြောက်စာရေးသားပေးပို့လာသူကို ဂရုမစိုက်ဘဲ တောင်းဆိုချက်များကိုလည်း မလိုက်လျောတတ်ကြပေ။ ထိုအခါ အလှရိုက်ကူးထားသည့် ဓာတ်ပုံများမှာ မကောင်းသည့် ညစ်ညမ်းစာမျက်နှာများထက်ဆီ ရောက်ရှိသွားတတ်သည်။

သီရိတစ်ယောက်လည်း သူ့ထံ ခြိမ်းခြောက်အကျပ်ကိုင်လာသူကို ကြောက်ရွံ့ကာ မည်သို့လုပ်ရမှန်းမသိဘဲ ဖေ့စ်ဘွတ်ခ်ရှိ သူငယ်ချင်းမိတ်ဆွေများထံ အကူအညီတောင်းခံခဲ့ရသည်။ ထိုအခါမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက တောင်းဆိုမှုများကို မလိုက်လျောရန် အားပေးခဲ့ကြပြီး သီရိ၏ဖြစ်ရပ်ကို ဖြန့်ဝေကာ ခြိမ်းခြောက်စာပို့သူ၏ အကောင့်ကို Report တင်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်ခဲ့ကြရာ ထိုသူမှာ နောက်ထပ်ခြိမ်းခြောက်ခြင်း မပြုလုပ်ရဲတော့ဘဲ ငြိမ်သွားခဲ့သည်ဟု သီရိကပြောပြသည်။

‘‘မိန်းကလေးတွေက နာမည်ကြီးချင်လို့ ကိုယ့်ပုံကို Public လုပ်ပြီး လူတကာမြင်အောင်ပြတာပဲဖြစ်ဖြစ်၊ မသိလို့ လုပ်မိတာပဲဖြစ်ဖြစ် အဲဒီလိုမျိုးမိန်းကလေးတွေမှာ ပိုပြီးဖြစ်နိုင်ဖို့ အလားအလာပိုများပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တချို့မိန်းကလေးတွေက ဒီလိုမျိုးခြိမ်းခြောက်ခံရကြောင်းကို Screen-shot တွေနဲ့ ခဏခဏပြတာကို မကြာမကြာတွေ့နေရတယ်။ ဒါကြောင့် ဒီလိုမျိုးကိစ္စတွေ အရင်ကထက် များလာတယ်လို့ ယူဆလို့ရပါတယ်’’ဟု BLINK Digital Agency မှ Head of Social Media ကိုပြည့်ဖြိုးနိုင်ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ဘုန်းမြင့်ကလည်း ‘‘ခုနောက်ပိုင်း ကလေးမတွေက ဆယ်လ်ဖီရိုက်ကြတယ်။ ပြီးတော့တင်တယ်။ မိမိကို Add Friend လာလုပ်တဲ့သူကို စိစစ်ပြီး လက်မခံဘူး။ Like တွေ များများရချင်တော့ လက်ခံတယ်။ မသမာတဲ့သူ၊ ဒါမှမဟုတ် အကြောင်းမျိုးမျိုးကြောင့် ကလေးမတွေရဲ့ ပုံတွေကိုယူပြီး လုပ်စားတာတွေ၊ ခြိမ်းခြောက်တာတွေ ဖြစ်လာတယ်’’ဟု ဆိုပါသည်။ ငိုအားထက် ရယ်အားသန်ဟု ပြောရမလို အဖြစ်တစ်ခုလည်းရှိခဲ့သည်။ ခြိမ်းခြောက်အကျပ်ကိုင်သူတစ်ဦးက မိန်းမလျာတစ်ဦးကို မိန်းကလေးဟု ထင်မှတ်ကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး တောင်းဆိုမှုများကို မလိုက်လျောသည့်အတွက် အဆိုပါမိန်းမလျာ၏ဓာတ်ပုံကို ညစ်ညမ်းစာမျက်နှာတစ်ခုတွင် တင်လိုက်ကာ ပြည့်တန်ဆာဟု စွပ်စွဲသည့်သဘောဖြင့် စာသားများလည်း ရေးသားခဲ့သည်။ အဆိုပါမိန်းမလျာက ၎င်းကို မိန်းကလေးဟု ထင်မှတ်ပြီး အရှက်ခွဲသူကို ပြန်လည်လှောင်ပြောင်ခဲ့လေသည်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ခေတ်မစားမီကတည်းကရှိခဲ့ပြီး ယခုလည်း ဖြစ်ပွားနေဆဲကိစ္စတစ်ခုမှာ အမျိုးသမီးတို့၏ မဖွယ်မရာဓာတ်ပုံများကို ဖြန့်ဝေခြင်းပင် ဖြစ်ပါသည်။ အဆိုးရွားဆုံးမှာ လိင်ကိစ္စပြုလုပ်နေသည့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေခံရခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်ကို ကာယကံရှင်အမျိုးသားဘက်မှ အများဆုံးပြုလုပ်တတ်ကြသည်။ ချစ်သူရည်းစားနှစ်ဦး ဆိတ်ကွယ်ရာတွင် အပျော်သဘော ရိုက်ကူးထားသည့် နမ်းရှုပ်နေသည့် ဓာတ်ပုံများ၊ မဖွယ်မရာဓာတ်ပုံများ၊ မိန်းကလေးမသိအောင် ယောက်ျားလေးက ခိုးရိုက်ထားသည့် ဗီဒီယိုဖိုင်များက ညစ်ညမ်းဝက်ဘ်ဆိုက်များပေါ်သို့ ရောက်ရှိပျံ့နှံ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်များက ယခုနောက်ပိုင်းတွင် ပျံ့နှံ့မှုအားကောင်းသည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်သို့ ရောက်ရှိလာပါက ကာယကံရှင်မိန်းကလေးမှာ မျက်နှာမဖော်ရဲအောင်ပင် အရှက်တကွဲဖြစ်ရလေ့ရှိသည်။ သမီးရည်းစားနှစ်ဦး ချစ်ကြိုက်ရာမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြီးနောက် မကျေနပ်၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အမျိုးသားဘက်က အဆိုပါဓာတ်ပုံနှင့် ဗီဒီယိုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေရာမှ ပျံ့နှံ့ခြင်းဖြစ်ပါသည်။

‘‘ကောင်လေးတစ်ယောက်က သူ့ကောင်မလေးနဲ့ ပြတ်သွားပြီးတဲ့နောက်မှာ ဖုန်းကနေ မကြာခဏ SMS ပေးပို့ပြီး ဆဲဆိုခြိမ်းခြောက်တာမျိုး၊ သမီးရည်းစားဘ၀က နှစ်ကိုယ်ကြား မလုံ့တလုံပုံတွေ အွန်လိုင်းပေါ်တင်ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးကို ကျွန်တော့်သူငယ်ချင်း ကောင်မလေးတစ်ယောက် မကြာမကြာခံရတာကို တွေ့ရတယ်။ ပြတ်စဲပြီးတာ နှစ်ချီနေပေမယ့် အခုထိ ခြိမ်းခြောက်နေတုန်းပေါ့။ ဒါမျိုးက Cyber Bullying ပေါ့။ အွန်လိုင်းပေါ်ကနေတစ်ဆင့် လူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်တာမျိုးပေါ့’’ဟု BLINK Digital Agency မှ Head of Soical Media ကိုပြည့်ဖြိုးနိုင်က ပြောပြသည်။

‘‘ကောင်လေးက ကောင်မလေးနဲ့ပြတ်ပြီးမှ အတူတူအိပ်ခဲ့တဲ့ ပုံတွေကို မကျေနပ်လို့ပဲဖြစ်ဖြစ် အကျပ်ကိုင်ချင်လို့ပဲဖြစ်ဖြစ် ဖြန့်တင်တာ၊ မြန်မာအပြာ website တွေ page တွေမှာ တွေ့ရတတ်ပါတယ်။ အင်မတန်အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်ရဲ့ တာဝန်ယူစိတ်လေးတစ်ခုထားပြီး ဒီလိုလုံးဝမလုပ်သင့်ပါဘူး’’ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ကိုမဲခေါင်ကျော်စွာကဆိုသည်။

အချို့ဖြစ်ရပ်များတွင် ကာယကံရှင်စုံတွဲပင် မသိလိုက်ဘဲ သူငယ်ချင်းအပေါင်းအသင်းများကဖြစ်စေ၊ တည်းခိုရာဟိုတယ်၊  တည်းခိုခန်းမှာဖြစ်စေ၊ ကင်မရာအသေးစား (သို့မဟုတ်) စီစီတီဗီကင်မရာတို့ဖြင့် ခိုးယူရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို နှမသားချင်း၊ သားသမီးချင်းစာနာထောက်ထားမှုမရှိဘဲ ဖြန့်ဝေမှုများလည်းရှိသည်။ မြန်မာနိုင်ငံတွင် နည်းပညာပိုင်းနှင့် ဥပဒေပိုင်းအရထိုသို့ ပြုလုပ်သူများကို ဖော်ထုတ်အရေးယူရန် အခက်အခဲအချို့ရှိနေသေးသည်။

ပြုလုပ်သူကို တိတိကျကျသိပါက ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူရန် လွယ်ကူနိုင်သော်လည်း အကောင့်တုများ ပေါလာသည့်ခေတ်တွင် မည်သူပြုလုပ်မှန်းမသိဘဲ အရှက်တကွဲအကျိုးနည်းဖြစ်ရသည်က များသည်။ ထို့ကြောင့် မိန်းကလေးများကိုယ်တိုင်က မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်မှုဖြင့် ကာကွယ်ရန်သာ လိုအပ်ကြောင်း အွန်လိုင်းသုံးစွဲသူများက မှတ်ချက်ပေးကြပါသည်။

‘‘နည်းပညာတိုးတက်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။ ဒီဟာတွေ လျော့ကျလာဖို့က ကျွန်တော့်ဆီမှာ Cyber Police လိုလာပြီဆိုတာပဲ။ မြန်မာနိုင်ငံမှာ Cyber Police ဆိုတာ ရှိကိုမရှိသေးဘူး’’ ဟု သတင်းထောက် ကိုမြတ်သူအောင်က ပြောသည်။

ဖက်ရှင်မော်ဒယ် လဲ့ယမင်းကလည်း ‘‘မိန်းကလေးတစ်ယောက်ကတော့ သူ့သိက္ခာသူထိန်းရမှာပါ။ ဒီလိုအဖြစ်မျိုးမဖြစ်အောင် မဖြစ်ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားရင် ဒီလိုကိစ္စတွေဖြစ်လာစရာ အကြောင်းမရှိဘူးလေ’’ဟုဆိုသည်။

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်တွင် လူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို အသရေပျက်စေသော၊ ဂုဏ်သိက္ခာကျဆင်းစေသော ပြုလုပ်မှုများကို ဥပဒေအရ တားမြစ်ထားပါသည်။ အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ငါးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အပြစ်ပေးနိုင်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉ အရလည်း အရေးယူအပြစ်ပေးနိုင်သည်။

သို့ရာတွင် အင်တာနက် Online အသရေဖျက်မှုများကိုလည်း Cyber Crime အဖြစ် သတ်မှတ်ထားသော်လည်း အင်တာနက်၏ စိန်ခေါ်မှုများအရ ပြစ်မှုကျူးလွန်သူသည် မည်သည့်နေရာမှ ပြုလုပ်သည်၊ မည်သူမည်ဝါက ပြုလုပ်သည်ကို သိရှိနိုင်ရန် အခက်အခဲနှင့်လည်း ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

များသောအားဖြင့် ကာယကံရှင်အမျိုးသမီးများသည် အသရေဖျက်မှုတစ်ခုခုနှင့် ကြုံတွေ့ရသော်လည်း ထပ်မံ၍ ပိုမိုအကျယ်အကျယ် မဖြစ်စေလိုသဖြင့်လည်းကောင်း၊ အရှက်အကြောက်ကြီးမားသဖြင့်လည်းကောင်း သက်ဆိုင်ရာသို့ တိုင်ကြားရန် ခက်ခဲလေ့ရှိကြသည်။

အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ရှိသော်လည်း တိုင်ကြားမှုရှိလာပါက သက်ဆိုင်ရာက ဆောင်ရွက်ပေးကောင်းပေးလိမ့်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် နည်းပညာပိုင်းအရသော်လည်းကောင်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရန် ခက်ခဲနေဆဲဖြစ်သည်။

‘‘အရင်က ဖြစ်စဉ်တွေရှိတယ်။ တိုင်ဖူးတာတွေလည်းရှိတယ်။ အရေးလည်းယူပေးတယ်။ အခုချိန်မှာတော့ တိုင်တာမရှိဘူး။ ဖြစ်စဉ်တွေတော့ တွေ့တယ်။ မတိုင်ကြဘူး။ တစ်ခုခုဖြစ်ခဲ့ရင် စခန်းမှာ အရင်ဆုံးတိုင်ပါ။ ကြီးကြီးမားမား အမှုမျိုးတော့မရှိပါဘူး။ ဆိုက်ဘာလောနဲ့ ပတ်သက်ပြီး ထွက်လာတဲ့နေ့ကျရင်တော့ ကိုင်တွယ်ကြတော့မှာပါ’’ဟု ရဲအုပ်အောင်ဘုန်းမြင့်ကပြောသည်။

မြန်မာနိုင်ငံတွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုနှင့် ပတ်သက်၍တော့ ကြီးကြီးမားမား ဖြစ်စဉ်မျိုး မရှိသေးသော်လည်း အသေးအမွှားဖြစ်ရပ်များက ခပ်စိပ်စိပ်ဖြစ်လာနေသည်။ ညစ်ညမ်းဝက်ဘ်ဆိုက်များပေါ်တွင် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ ပျံ့နှံ့မှုများကတော့ ရှိနေဆဲပင်ဖြစ်ပါသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်သုံးစွဲသူများထဲတွင် ဆယ်ကျော်သက်အမျိုးသမီးငယ်တို့က ပစ်မှတ်ထားစရာတစ်ခုဖြစ်လာနေသည်။

ထို့ကြောင့် အမျိုးသမီးငယ်များအနေဖြင့် မလုံမလဲပုံများကို အများမြင်ရသည့် ဖေ့စ်ဘွတ်ခ်တွင် တင်တော့မည်ဆိုလျှင် သေချာစဉ်းစားဖို့ လိုအပ်လာသည်ဆိုသည်မှာ မေးခွန်းထုတ်စရာမလိုတော့ပေ။

Credit >> 7Day Daily

Monday, May 18, 2015

✔Myanmar Ptc ကံစမ်းမဲအစီအစဉ်​✔


မြန်မာptc အကြောင်းသိတမျှလေး
တစ်ရက်ကိုသောင်းချီဝင်မယ်ဆို သင်ယုံလား။
မယုံရင် အောက်ကနည်းလေးကိုဖတ်ကြည့်ပါ။
တစ်ရက်မှတစ်ရာထဲဆိုတော့ တချို့ကသိပ်မလုပ်ချင်ကြဘူး။တကယ့်ကို တစ်ရာထဲလား။နည်းတာပေါ့။ ဒါပေမဲ့ကိုယ့်လုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီး တခြားငွေရနိုင်တဲ့နေရာတွေလဲရှိပါတယ်။
ကြော်ငြာကလစ်တာအပြင်တခြားငွေရနိုင်သေးတဲ့
ပုံစံများ.......................

1. Referral link

Referral link ကနေပီး register လုပ်လာရင်လဲငွေရပါတယ်၊
ကိုယ့် referral ကနေကော်မရှင်အနေနဲ့ 10%,30%,50%,100%
ဆိုပြီးရနိုင်ပါတယ်။
PTC agent ဖြစ်ပီဆိုတာနဲ့ 10% ကနေစရပါတယ်။နည်းတယ်လို့ထင်နိုင်ပါတယ်။
သေချာတွက်ကြည့်ပါ။
ကြော်ငြာကတစ်ရက်၁၀၀ပုံမှန်ဆိုတော့ referralတစ်ယောက်ရှိရင် ၁၀ကျပ်ရပါမယ် ၁၀၀ သာရှာနိုင်ရင် ၁၀၀၀ကျပ်ရမှာပေါ့။
Referral ၁၀၀၀ပြည့်ဖို့ဆိုတာခဲရင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ referral အယောက် ၁၀၀၀သာရှိရင် တစ်ရက် ၁သောင်းအေးဆေးပဲပေါ့။တစ်ခုရှိတာက ကိုယ်referral တွေအကုန်လုံးအလုပ်လုပ်ဖိုပါပဲ။ အဲ့နောက်ပိုင်း 30%,50%100%စသည်ဖြင့်ရနိုင်အောင် upgrade လုပ်လို့ရပါတယ်။ (ပုံ ၁)
Referral ကို ကို့ account နားက ကိုယ့်ရဲ့ referral link ကို copy ယူပြီးပြန်ရှဲဖို့ပါ။

2. 2x ကတ်

2x ကတ်ဆိုတာကကြော်ငြာကြည့်ခ ၂ဆတိုးစေတဲ့ ကတ်ပါ။ဒီကတ်ကိုဝယ်ထားတယ်ဆိုရင်တော့ referral မရှိတောင်တစ်ရက်၂၀၀သေချာပါတယ်။ 2xကတ်ကို Myanpay ကနေ၀ယ်ယူနိုင်ပီး ဈေးနှုန်းက 3200ကျပ်ဖြစ်ပီး သက်တန်းရက်၆၀ပါ။

3. Game

Game ကစားတာက မသေချာဘူးရှုံးဖို့များတယ်ပြောမယ်။
ဟုတ်ပါတယ်မနပ်ရင်တော့ရှုံးမှာသေချာပါတယ်။ မဆော့ပါနဲ့။ နပ်ချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးပေးပါရစေ။
ဥပမာ coin game ပေါ့ဗျာ။
သူကစက်နဲ့ထိမ်းချုပ်တာ အပြင်မှာသာခေါင်းပန်းလှန်ရင်ကျချင်သလိုကျမယ်။ မှန်းလို့မရဘူး။ ခုကစက်နဲ့ဆိုတော့ ဖော်မြူလာအတိုင်းသွားတာ။ အဲ့ဒါကိုအထာနပ်နပ် သတိထားကြည့်တတ်ဖို့ပဲ။ တစ်ခုတည်းကိုပဲဆတိုးထိုးခြင်းတော့ရှောင်ပါ။
Lucky number ဆိုလဲဒီလိုပဲ ပထမကပါတဲ့ ငါးလုံးထဲကဖြစ်နိုင်ခြေအများဆုံးကိုရွေးထိုး။ ငါးလုံးထဲမှာအကျိန်ရည်အများဆုံးပါတဲ့ကိန်းတို့။ ဆက်တိုက်မဖြစ်သေးတဲ့ကိန်းတို့ပေါ့။
ဒါကတော့ ကိုယ့်ရဲ့ပါးနပ်မှုပါ သေချာပေါက်နိုင်မနိုင်ကိုတော့ ကျနော်အာမမခံရဲပါ။ game ၂မျိုးလုံးအတွက် အရေးကြီးဆုံးအချက်ကလောဘမကြီးဖို့ပါ။

Credit➳Myanmar PTC Advertising Services
Msai Xitu ၏ post မှ ကူးယူဖော်ပြပါသည်။


✔Myanmar Ptc ဆိုဒ်​မှာလွယ်​ကူစွာRegister
ပြုလုပ်​နည်း၊​ကြော်​ငြာကလစ်​နည်း၊​ငွေထုတ်​နည်း✔

ကြော်ငြာများကြည့်ခြင်းဖြင့်ဝင်ငွေရနိုင်ပါသည်။
ကြော်ငြာတစ်ခုကို ၁၀ စက္ကန့်အချိန်ပေးပြီးကြည့်ရှုပါက ၀င်ငွေ(၁၀)ကျပ် 0.01$ မှ (၁)ကျပ် 0.001 $ ထိ ရရှိနိုင်ပါသည်။
Head/ Tail Game ကစားနိုင်ပါပြီ။
Lucky Number Game ကစားနိုင်ပါပြီ။
 ကြော်ငြာကြည့်ရှုခ ၂ ဆကတ် Myanpay ဖြင့် ၀ယ်နိုင်ပါပြီ။
ဖိတ်ခေါ်သူရရှိပါက၀င်ငွေတိုးနိုင်ပါသည်။
ဖိတ်ခေါ်သူများထံမှကော်မရှင်ရရှိအောင် ဆောင်ရွက်ပေးထားပါသည်။(10%,30%,50%, 100%)
ရရှိငွေများအားမြန်မာလူမျိုးများနှင့်အဆင်ပြေနိုင်သော ဖုန်းငွေဖြည့်ကတ်နံပါတ်ပေးပို့ခြင်း၊ဖုန်းငွေဖြည့်ပေးခြင်း၊ ပြည်တွင်းဘဏ်များ၊Myanpay Payment စနစ်၊၊ MPU ကတ်များသို့ငွေလွဲပေးခြင်းဖြင့် ထုတ်ပေးလျက်ရှိပါသည်။
ဖုန်း၊Tablet များဖြင့်အသုံးပြုနိုင်ပါသည်။

*** လူတစ်ဦးတည်းမှအဖွဲ့ဝင်များစွာပြုလုပ်ခြင်းမပြုရ။

 ***
လုပ်ငန်းရှင်များအတွက်သတင်းကောင်း

လူကြီးမင်း၏ကြော်ငြာကိုကြည့်ရှုမည့်ပြီး ထပ်ဆင့်ပြောပြမည့်သူ 
နေ့စဉ်လူ(10980) ဦးရှိနေပါသည်။
ကြော်ငြာကိုလူတစ်ယောက်သိရန် (၁.၁)ကျပ် 0.0011$ သာ ကုန်ကျပါသည်။
ကြော်ငြာတင်လိုသူများဖုန်းငွေဖြည့်ကဒ်ဖြင့်ငွေသွင်းပြီး ကြော်ငြာတင်နိုင်ပါပြီ။
လူကြီးမင်းတို့၏ထုတ်ကုန်များ၊လုပ်ငန်းများကို ဈေးကွက်ချဲ့ထွင်ရန်ကူညီဆောင်ရွက်နေပါပြီ။
ကိုယ်ပိုင် Website/Blog များကိုလူအများသိအောင် အလွယ်တကူ ကြော်ငြာနိုင်ပါသည်။
Facebook Like Page များကိုလူအများသိအောင် အလွယ်တကူကြော်ငြာနိုင်ပါသည်။
လူကြီးမင်း၏ကြော်ငြာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါသည်။
ကြော်ငြာ Web Page မရှိသေးသော လုပ်ငန်းရှင်များအတွက်ကြော်ငြာ Page များ ပြုလုပ်ပေးပါသည်။

Join Now

ဖုန်းနှင့်​အသုံးပြုလို့ရ​စေရန်​Android Apkအား
အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ဆွဲပြီးအသုံးပြု
နိုင်​ပါတယ်

Apk ကိုအသုံးပြု၍အ​ကောင့်​န်​လွယ်​ကူစွာပြုလုပ်​နိုင်​ပြီး
မြန်​မာptcရဲ့fb pageနဲ့groupမှာလည်းဝင်​​ရောက်
လေ့လာ​ဆွေး​နွေးနိုင်​မှာဖြစ်​ပါတယ်​။

★Apk အား​ဒေါင်းရန်​လင့်​ခ်​★

http://www.solidfiles.com/d/023a46e61a/MyanmarPTC-v1.0.apk

Thursday, May 14, 2015

✔Facebook Offical v33.0.0.45.19✔


-Play Store က​နေupdate​ပေးလာတဲ့
facebook offical version v33.0.0.45.19ဆိုတဲ့
Androidအတွက်​fb application​လေးတင်​​ပေးလိုက်​ပါ
တယ်​-

-google play storeဝင်​ရန်​အခက်​အခဲ
ရှိသူများက​အောက်​ကလင့်​ခ်​ဝင်​ပြီး
ဒေါင်းလုပ်​ဆွဲယူနိုင်​ပါတယ်​-

-Apk file size32.5MBရှိပြီး
-Android OS version4.0 နှင့်​အထက်
ဖုန်းများမှာinstallပြုလုပ်​နိုင်​ပါတယ်​-

Download ဆွဲရန်​ လင့်​ခ်



Sunday, May 10, 2015

✔Email Account တစ်ခုကို 2 Step အကျော်ခံရမှာ Recovery လုပ်ပြီးအခိုးခံရမှာကိုကြောက်နေသူများအတွက် သတင်းကောင်း✔


နေ့ လယ်က တစ်ယောက်က ကျွန်တော်နာမည်နဲ့  Domain လိပ်စာလေးနဲ့  
Web mail လေး တစ်ခုလောက်လိုချင်တယ်လို့ ပြောလာပါတယ် အဲ့ဒါနဲ့ 
ဘာဖြစ်လို့  ဒါကိုလိုချင်တာလဲဆိုတော့ ခုက 2 Step ကိုပါကျော်လို့ ရနေပြီ
ပြောတယ် အဲ့ဒါကြောင့် Account ပါမှာစိုးလို့ ပါလို့ ပြောလာတယ် ကျွန်တော်
ပြန်ပြောလိုက်ပါတယ် 2 Step ကျော်လို့ ရတယ်ဆိုတာ အမှန်က Recovery လုပ်ပြီး
ခိုးတာ Security အားနည်းတဲ့ Account ဆိုရင် Forget Password လောက်လေး
နဲ့ပဲ ရသွားနိုင်တယ် questions အများကြီးဖြေစရာမလိုဘူး Hint question လေး
၁ ခုလောက်ပဲပေးထားတာမျိုးဆို ခန့် မှန်းပြီးလက်တည့်စမ်းလိုက်တာနဲ့ ပါသွားပြီပဲ 
Security အနည်းငယ်ကောင်းတဲ့ Account ဆိုရင်
Recovery လုပ်ပြီ Security questions ကလွယ်လွယ်လေးပေးထားရင် 
လက်တည့်စမ်းပြီပဲ တည့်သွားရင်တော့ Account ပါသွားပြီပေါ့ မဟုတ်ဘူးလား။
နောက်တစ်ခုက Recovery နည်းနဲ့  Help Center အကူအညီနဲ့ 
questions တွေကို လက်တည့်စမ်းပြီးထိုင်ဖြေတာပါပဲ 
တစ်ချို့ Account တွေဆိုရင် information တွေတော်တော်များများ
Public ချပြပေးထားတော့ Gmail Help Center က မေးခွန်းတွေကနေ
မေးသမျှ ၁၀ ခုမေး ၂ ခုလောက်ပဲလက်တည့်စမ်းဖို့ လိုတယ် တည့်သွားရင်
Account ပါသွားပြီပဲ အမှန်တစ်ကယ်က 2 Step လောက်ဆိုရင်
တော်တော်လေးကို လုံခြုံတဲ့ အနေအထားပါ လွယ်လွယ်နဲ့ မပါနိုင်ပါဘူး။
Email တစ်ခုကို Recovery လုပ်ဖို့ ဆိုရင် ဒီနေရာ ပထမဆုံး ဒီနေရာ
https://www.google.com/accounts/recovery
လေးကို သွားရပါတယ် အဲ့ဒီမှာ Recovery စတင်လုပ်ဖို့  3 မျိုးပေးထားပါတယ် နောက်တစ်ဆင့်ကနော့်
https://support.google.com/accounts/troubleshooter/2402620?hl=en&rd=2

ကို မဖြစ်မနေသွားကို
သွားရပါတယ် Email Account တစ်ခုကို Recovery လုပ်ဖို့ နည်းလမ်း
အဲ့ဒီနေရာမှာတင် 7 မျိုးလောက်ရှိပါတယ် လွယ်လွယ်နဲ့ တော့ Recovery
လုပ်ပြီးယူလို့ မရနိုင်ပါဘူး အချက်အလက်တွေအပြည့်အစုံကြီးမဟုတ်ရင်တောင်
သူမေးတဲ့ questions တွေကို 100% မှာ 75% ရာခိုင်နှုန်းလောက်ဖြေနိုင်မှသာ
အဲ့ဒီ အကောင့်နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြပေးနိုင်မှသာ
အဲ့ဒီ အကောင့်ကို Recovery လုပ်ပြီးယူလို့ ရနိုင်တာပါ။
2 Step ကိုကျော်ဖို့ ဆိုတာ အဲ့ဒီ Email လိပ်စာရဲ့  အကောင့်စဖွင့်စဉ်ကနေ
နောက်ဆုံး သုံးခဲ့တဲ့ အနေအထားထိ information အပြည့်အစုံသိဖို့ လိုပါတယ်
Help Center ကမေးတဲ့ မေးခွန်းတွေ ဖြေဖို့ ဆိုရင် တော်တော်များများ
ပြည့်ပြည့်စုံစုံသိထားမှသာရနိုင်တာပါ မဟုတ်ရင် 2 Step ကိုကျော်ဖို့ ဆိုတာ
မလွယ်ပါဘူး Lost My Phone ဘာညာနဲ့ ဆိုတာကလည်း မလွယ်နိုင်ပါဘူး
2 Step ကိုကျော်ဖို့ အတွက် ဒီနေရာ
https://support.google.com/accounts/troubleshooter/2402620?hl=en&rd=2#ts=2402626,2402727

ကို မဖြစ်မနေသွားပြီး 
တစ်နည်းမဟုတ် တစ်နည်းနဲ့ သူမေးတဲ့ မေးခွန်းတွေကိုအတတ်နိုင်ဆုံး
ဖြည့်ပေးနိုင်ပါမှ 2 Step ကို ကျော်သွားနိုင်မှာပါ information တိကျဖို့ လိုပါတယ်။
Account တွေခိုးယူခံရတယ်ဆိုတာက နံပါတ်(၁) Security မှာအားနည်းလို့ ပါ
နံပါတ်(၂) ခိုးယူမည့်သူက အဲ့ဒီ Account ရဲ့ information တွေကို 
တော်တော်များများသိရှိထားလို့ ပါပဲ ( ကိုယ့် Profile တွေမှာ info တွေကို Public ချပြပေးထားတာမျိုးတွေ ) နောက်တစ်ခုက 2 Step ခံထားပေမယ့်
အကောင့်အခိုးခံရတယ်ဆိုတာမျိုးကတော့ ခုနကပြောသလို
အကောင့်စဖွင့်စဉ် ကတည်းကနေ နောက်ဆုံးသုံးခဲ့တဲ့အချိန်အထိ
information တွေကို သိရှိထားမှသာ အလွယ်တစ်ကူ Recovery လုပ်ပြီး
ခိုးယူနိုင်တာပါ။
နောက် I'm having trouble with 2-step verification ဆိုတာမှာလည်း
2 Step ကိုကျော်ဖို့ အတွက် နည်းလမ်း 7 မျိုးလောက်ရှိနေပြန်ပါတယ်
ဒါပေမယ့် အလွယ်တစ်ကူတော့ မခိုးယူနိုင် မကျော်နိုင်ပါဘူး info တွေကို
ချမပြနိုင်ရင် questions တွေကို မဖြေနိုင်ရင် ဘယ်လိုမှ Recovery လုပ်
လို့ မရနိုင်သလို Account ခိုးယူမည့်သူလဲ တော်ရုံတန်ရုံနဲ့ ကျော်ပြီးတော့
ခိုးယူနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ Account ကို ခိုးယူဖို့ အတွက်
အချိန်ပေးပြီးတော့ လက်တည့်စမ်းရပါတော့တယ် လက်တည့်စမ်းလို့ 
Email ရဲ့  information တွေနဲ့ ကိုက်ညီသွားတယ် Help Center က
ဖြည့်ပေးလိုက်တဲ့ အချက်အလက်တွေကို ယုံကြည့်သွားတယ် 
လက်ခံသွားတယ်ဆိုပါမှ 2 Step ကိုကျော်ခွင့်ပေးလိုက်မှာပါ။
အမှန်တစ်ကယ်က Account တစ်ခုကို Recovery လုပ်ဖို့ ဆိုတာ
သိပ်တော့မလွယ်ကူပါဘူး Recovery လုပ်တဲ့ Email ရဲ့ 
အချက်အလက်တွေကို ပြည့်ပြည့်စုံစုံသိထားဖို့ ကအလိုအပ်ဆုံးပါ
အနည်းငယ်လောက်သိထားရင်လဲ ကျန်တဲ့ အချက်အလက်တွေကို 
လက်တည့်စမ်းပြီး Recovery လုပ်ပြီးမှပဲ ရယူနိုင်မှာဖြစ်သလို
2 Step ကိုလည်း အဲ့ဒီအချက်အလက်တွေနဲ့ မှပဲ ကျော်လို့ ရနိုင်မှာပါ
ဒါကြောင့် ကိုယ့်အကောင့် အခိုးယူခံရမှာတွေ 2 Step ခံထားတာတောင်
ကျော်နိုင်တယ်ဆိုပြီး ကြောက်မနေကြဖို့ လိုပါတယ် လုံခြုံလေ 
ခိုးယူဖို့ ခက်ခဲလေပါပဲ တစ်ခါတစ်လေ လက်တည့်စမ်းလို့ တည့်သွားတဲ့အခါ
ကိုယ်က Security ပိုင်းနဲ့ ပါတ်သက်ပြီးအားနည်းတဲ့အခါ ပါသွားတဲ့
Account ဆိုရင်တော့ နှမြောမနေပါနဲ့  အလကားရတဲ့ Account တွေပဲ
တစ်ကောင့်ပါသွား နောက်တစ်ကောင့်ဖွင့်သုံးလိုက်ပေါ့ 
မှတ်မိကြဦးမယ်ထင်ပါတယ် ကျွန်တော့်ကောင်မလေး အကောင့်ကို
ခိုးယူပြီး အရှက်ခွဲခဲ့တဲ့အကြောင်းလေးကို အဲ့ဒီတုန်းက ကောင်မလေး 
Account မှာ infomation တွေက Public ဖြစ်နေခဲ့ရုံသာမက
Security ပိုင်းမှာလည်း ဘာမှကာရံမထား ပဲတော်တော်လေးကို အားနည်း
တဲ့ Account ပါ ဒီတော့ အလွယ်တစ်ကူနဲ့  Recovery လုပ်ပြီး ခိုးယူသွား
နိုင်ခဲ့ပါတယ်။
အမှန်တစ်ကယ်က အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ပြဿနာကယောက်ကျားလေးချင်း
ဖြစ်တဲ့ပြဿနာပါ ကျွန်တော့်အကောင့်ကို Recovery လုပ်ပြီး ခိုးယူဖို့ 
ကြံစည်ပါတယ် မရတော့ Report ထုတယ် နောက်ဆုံး ဘယ်လိုမှ မရတော့
စောက်ကျင့်ယုတ်ပြီး ဘာမှမသိနားမလည်တဲ့ ကောင်မလေးဘက်ကနေ
ကောင်မလေး Account ခိုးယူပြီး ကျွန်တော်တို့ ကို PA တွေလုပ်ပါတယ်
အဲ့ဒီတုန်းက မည်သူမည်ဝါဆိုတာလည်း အတိအကျသိတယ် ဒါပေမယ့် 
ကြားထဲကနေ မဆီမဆိုင် အရှက်ခွဲခံရလို့ သူ့ ကိုယ်သူ သတ်သေမယ်ဆိုပြီး
လုပ်နေတဲ့ ကောင်မလေးကို ငဲ့ညှာပြီး တတ်နိုင်သမျှ စိတ်ကိုလျှော့ပြီးငြိမ်ပေး
ခဲ့လိုက်ပါတယ် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ခဲ့ရတဲ့အချိန်ပါ။
အပြင်မှာ သွားပြီး လူမိုက်ဆန်ဆန် ဖြေရှင်းနိုင်ပေမယ့် တန်ရဲ့ လား
ဒီလိုလုပ်ရပ်မျိုးငါဘယ်တော့မှမလုပ်ဘူး စည်းနဲ့ ဘောင်နဲ့ ထဲကပဲဖြေရှင်းမယ်ဆိုပြီး
ဒီနေ့ ဒီအချိန်ထိ ကျွန်တော်အေးအေးဆေးဆေးပဲ နေပြီး အချိန်တစ်ခုကို
စောင့်နေခဲ့တာပါ အမှန်အတိုင်းပြောရရင် ကျွန်တော်အနေနဲ့ အငြိုးအတေးမထားတတ်
တဲ့သူတစ်ယောက်ပါ ဒီနေ့ ဖြစ် မနက်ဖြန်ဆို အဲ့ဒီပြဿနာကို မေ့သွားပြီးပုံမှန်ပဲ
မေ့မေ့ပျောက်ပျောက်ထားလိုက်တာများပါတယ် ဒါပေမယ့် အဲ့ဒီတုန်းက
ဖြစ်စဉ်တွေနဲ့  ကောက်ကျစ်စဉ်းလဲပြီး မိန်းမလျာလိုစိတ်ဓာတ်မျိုးနဲ့ စောက်ကျင့်
ယုတ်ထားခဲ့တဲ့ တစ်ယောက်ကိုတော့ ဒီနေ့ ဒီအချိန်ထိ မမေ့သေးပါဘူး
စိတ်ထဲလဲစွဲ မျက်စိထဲလဲ စွဲနေတုန်းပါပဲ ရည်မှန်းထားတဲ့ တစ်နေ့ ကျရင်တော့
သူယုတ်မာခဲ့တဲ့ လုပ်ရပ်တွေအတွက် သူပြန်ပြီးပေးဆပ်ရပါလိမ့်မယ်။
နောက်ပြီးတော့ အဲ့ဒီတစ်ယောက်က Facebook, Gmail တွေကို
Recovery နည်းတွေနဲ့ လိုက်ပြီးခိုးယူတယ်လို့ ပြောပါတယ် မသိရင်တော့
ဆရာကြီးအထာနဲ့ ဘယ်သူမှသူ့ လောက်မတတ်မကျွမ်းဆိုပြီးဆရာကြီး
အထာတွေပေါ့ဗျာ အမှန်တစ်ကယ်က ဆရာကျတာမဟုတ်ဘူး Recovery 
နည်းတွေနဲ့ လက်တည့်တွေစမ်းပြီး အလွယ်တစ်ကူခိုးလို့ ရတဲ့ Account တွေနဲ့ 
လူအထင်ကြီးခံနေတဲ့သူတွေပါ တွေးကြည့်ရင် စိတ်ပုပ်စိတ်ယုတ်တွေမွေးပြီး
သူတစ်ပါးကို ဒုက္ခပေးဖို့ နဲ့ သူတစ်ပါး စိတ်ဒုက္ခရောက်အောင် အချိန်ပေးပြီး 
ယုတ်မာဖို့ ကောက်ကျစ်ဖို့ အချိန်ပြည့်ကြိုးစားနေတဲ့ သူတို့ ဘ၀က 
သနားဖို့ တောင်ကောင်းနေခဲ့ပါသေးတယ် တစ်နေ့ လုပ်ခဲ့တဲ့အပြစ်တွေနဲ့ 
ထိုက်တန်တဲ့ပေးဆပ်မှုတွေ ပေးရမှာကိုမြင်ယောင်နေမိပါသေးတယ်။
အဲ့ဒါကတော့ ယုတ်မာကောက်ကျစ်သူတစ်ဦးနဲ့ သူ၏အပေါင်းအပါတစ်ချို့ ပေါ့။
အဲ့ဒီနေရာမှာ တော်တော်လေး လေးစားမိသွားပါတယ်
Recovery လုပ်ပြီး ခိုးယူဖို့ ဆိုတာ အလွယ်တစ်ကူတော့ ခုလုပ်ခုချက်ချင်း
ရတာမဟုတ်ဘူး အချက်အလက်မပြည့်စုံရင် အချိန်အများကြီးပေးပြီးမှ
Recovery လုပ်ပြီးခိုးယူလို့ ရနိုင်တာပါ ဒီနေရာမှာ စဉ်းစားမိတယ် 
ဒီကောင်စောက်ကျင့်က လေးစားဖို့ တော်တော်ကောင်းတယ် သူတစ်ပါးကို
ဒုက္ခပေးဖို့  သူတစ်ပါးကို စောက်ကျင့်ယုတ်ပြီး ယုတ်မာဖို့ ဒီနည်းလမ်းတွေကို
အချိန်တော်တော်ပေးပြီးလုပ်တာပဲ တော်တော်လေးကို အားထည့်တာပဲ
လေးစားလောက်ပါပေတယ်လို့ တွေးမိတယ်။
Account Security အကြောင်းပြောရင်းနဲ့  အရင်အကြောင်းတွေပါ
ပြန်ပြောမိနေပီ  ခုပြောချင်တာကတော့ အကောင့်အလွယ်တစ်ကူ
အခိုးယူမခံရဖို့  Security ကိုသာ အကောင်းဆုံးလုပ်ပါ 2 Step ကို
အကျော်ခံရမှာလည်းကြောက်မနေပါနဲ့  Facebook , Gmail တို့ ဆိုတာ
အလွယ်တကူ ခိုးယူဖို့ မလွယ်ပါဘူး အလွယ်တကူ ခိုးယူခံခဲ့ရတယ်
ဆိုတာ ကိုယ့်ရဲ့ ပေါ့လျော့မှုတွေကြောင့်သာ အခိုးယူခံရတာပါ 
လုံခြုံအောင်သာလုပ်ထားပါ အလွယ်တစ်ကယ် အခိုးယူမခံရနိုင်ပါဘူး
Account တိုင်းသာ အလွယ်တစ်ကူ ခိုးယူလို့ ရနေမယ်ဆိုရင်
Facebook , Gmail တို့ ဆိုတာ ဘယ်သူမှတောင်အသုံးပြုနေမှာ
မဟုတ်တော့ပါဘူး။ 

Credit ➳ ➳ Aung Kyaw Soe
www.facebook.com/CityHunter.mm

Wednesday, May 6, 2015

✔Mini A8 GPS အသုံးပြုနည်း✔



1.GSM SIM ကဒ်ကို Gpsထဲသို့ စနစ်တကျထည့်ပါ။ ၁၀စက္ကန့်ခန့် မီးနီလေးလင်းနေပါလိမ့်မည်။ အားသွင်းပေါက်မှကြည့်မှသာ မြင်ရပါသည်။ ပြောင်ပြောင်တင်းတင်း လင်းနေခြင်းမဟုတ်ပါ။ မှိတ်သွားလျှင် စတင်သုံးလို့ရပါပြီ။ ၎င်းGSM ကဒ်တွင် ဘီလ်လုံလောက်အောင်ရှိနေရန်နှင့် GPS ဘတ္ထရီ အားရှိနေစေရန် ဂရုပြုပါ။

2. ၎င်းGPSကို မိမိထောက်လှမ်းစုံစမ်းလိုသူ၏ အနီးတဝိုက် အိပ်ရာ၊ စားပွဲ၊ လွယ်အိတ်၊ ကား၊ ဆိုင်ကယ် စသည်တိ့တွင် ဝှက်၍ (DOUBLE TAPE ဖြင့်) ကပ်ထားပါ။ အားအပြည့်ရှိလျှင် ၇ရက်အထိ သုံးနိုင်ပြီး နှစ်ပေါက်အောင်သုံးလိုလျှင် အားသွင်းကြိုးကို ကားဘတ္ထရီ၊ ပလပ်ပေါက်ခုံ စသည်တို့နှင့် တွဲ၍ မြှုပ်ထားပါ။

3. ၎င်းGPS ထဲမှ SIM CARD နံပါတ်ကို မိမိဖုန်းဖြင့် ခေါ်ဆိုပါက ၁၀စက္ကန့်ကြာလျှင် (အလိုအလျောက်ဖုန်းကိုင်ပြီး) ၎င်းGPSအနီးတဝိုက် ပေ၃၀ပတ်လည်မှအသံ များကို ကြည်လင်ပြတ်သားစွာ ကြားရပါလိမ့်မည်။ GPSသည် မြန်မာနိုင်ငံမှာရှိနေခဲ့ပြီး မိမိက အမေရိကန်၊ အင်္ဂလန်တို့မှ ဖုန်းခေါ်ဆို၍လည်း အသံနားထောင်နိုင်ပါသည်။ (တဖက်လူက မိမိဖုန်းခေါ်ဆိုနေကြောင်း၊နားထောင်နေကြောင်း မသိနိုင်ပါ။)

4. အကယ်၍ GPSသည် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါက 1111 ဟု မက်ဆေ့ခ်ျပို့ပါ။ ဆက်သွယ်မှုဧရိယာအတွင်း ရောက်သွားသည်နှင့် မိမိဖုန်းကို အလိုအလျောက် ခေါ်ပေးပါလိမ့်မည်။ ၅မိနစ်တစ်ခါ ခေါ်နေပါလိမ့်မည်။ ၎င်းစနစ်ကို ဖျက်လိုပါက 0000 ဟု မက်ဆေ့ခ်ျပြန်ပို့ပါ။

5. GPS သို့ DW ဟု မက်ဆေ့ခ်ျပို့လိုက်ပါက ၁၀စက္ကန့်ကြာလျှင် မိမိဖုန်းသို့ LINK တစ်ခု နှင့် ဘတ္ထရီလက်ကျန်ရာခိုင်နှုန်း မက်ဆေ့ခ်ျပြန်ဝင်လာပါမည်။ အင်တာနက်လိုင်းဖွင့်၍ ၎င်း LINK ကို ထောက်လိုက်သည်နှင့် မြေပုံနှင့်တကွ GPS ရှိရာနေရာကို ပြပေးပါလိမ့်မည်။ GPSတွင် အင်တာနက်လိုင်း ဖွင့်ထားရန်မလိုပါ။ တရုတ်နိုင်ငံမှ ဂြိုဟ်တုနှင့် ချိတ်ဆက်ထားသည့်အတွက် ဖုန်းလိုင်းမရှိလျှင်လည်း GPS နှင့် ဂြိုဟ်တု ချိတ်ဆက်နေပါလိမ့်မည်။ SIM CARD မှာ မက်ဆေ့ခ်ျပို့ရန်နှင့် အသံနားထောင်ရန်အတွက်သာ ထည့်ထားခြင်းဖြစ်၏။
( တရုတ်နိုင်ငံမှဂြိုဟ်တုဖြစ်ပြီး တရုတ်ပြည်တွင် လမ်းနေရာ အတိအကျပြနိုင်သော်လည်း မြန်မာပြည်တွင် မြေပုံလမ်းကြောင်း အနည်းငယ်လွဲ၍ ပေ၉၀၀ခန့်အထိ လွဲချော်နိုင်ပါသည်။) 

6. SOS ဟု မက်ဆေ့ခ်ျပို့လျှင် GPS ဘေးမှ အနီရောင်ခလုတ်လေး စတင်အသုံးပြုနိုင်ပါပြီ။ တစ်ဦးတစ်ယောက်ကို ၎င်းGPSလေး ပေးလိုက်သည့်အခါ အရေးကြုံ၍ အကူအညီလိုအပ်လျှင် ၎င်းအနီရောင်ခလုတ်လေးနှိပ်လိုက်သည်နှင့် မိမိဖုန်းကို အလိုအလျောက် ခေါ်ပေးပါသည်။ ရှေးယခင်က အသုံးပြုခဲ့သော ကမ္ဘာလုံးပုံတံဆိပ်နှိပ်ထားသည့် အရည်အသွေးနိမ့် GPSများတွင် ၎င်းခလုတ်မပါဝင်ပါ။

7. အထက်ပါ လုပ်ဆောင်ချက်များအားလုံးကို မိမိသာမက
GPS ထဲထည့်ထားသည့် SIM CARD နံပါတ်အား သိရှိသူတိုင်း လုပ်နိုင်သဖြင့် လုံခြုံစိတ်ချရမှုမရှိပါ။
၎င်းပျော့ကွက် အားနည်းချက်ကို ယခုမော်ဒယ်သစ်တွင် ပြင်ဆင်ထုတ်လုပ်ထားပါသည်။ ဥပမာ မိမိက 09422465959 ဖုန်းနံပါတ်ကိုင်ထားပြီး မိမိတစ်ယောက်သာ ၎င်းGPSကို ချိတ်ဆက်လိုပါက SQ09422465959 ဟု မက်ဆေ့ခ်ျပို့ပါ။ မိမိမှလွဲ၍ အခြားသူ ဝင်ရောက်နားထောင် စုံစမ်း၍ မရနိုင်တော့ပါ။ ၎င်းစနစ်ကိုဖျက်လိုပါက
SQ ၂လုံးတည်း မက်ဆေ့ပြန်ပို့လိုက်ပါ။

8. (((ဈေးနှုန်း ၅၅၀၀၀ကျပ်))) ဖြစ်ပြီး ၁နှစ်အတွင်း သုံးစွဲသူ၏ မှားယွင်းချက်ကြောင့်မဟုတ်ပဲ အရည်အသွေးနိမ့်၍ ပျက်စီးခြင်းဖြစ်ပါက အသစ်တစ်လုံး အစားပြန်လဲပေးပါမည်။ တစ်ပတ် (၇ရက်) အတွင်း အသုံးပြု၍ အဆင်မပြေပါက(ပို့ခနှင့်အထွေထွေစရိတ်၅၀၀၀နှုတ်၍) ငွေပြန်အမ်းပေးပါမည်။ 

စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
China Myanmar trading services
09422465959.09796696679.
09795411358

Ref: China-Myanmar trading services
https://m.facebook.com/CMTS5555

Monday, May 4, 2015

✔Advanced Download Manager v4.1.6 Updated✔

-Android ဖုန်းအတွက်​ ​ဒေါင်းလုဒ်​ဆွဲရာမှာ နာမည်​ကြီးပြီး Grade Power တစ်​ခုဖြစ်​တဲ့ "ADM(Advanced Download Manager) ဆိုတဲ့ဒီ​နေ့Play Storeက​နေUpdate​ပေးလိုက်​တဲ့ Latest Version v4.1.6 Apk ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါပြီ-

-Facebook တို့၊Website တို့၊Blog တို့မှာ တင်​ထားတဲ့၊ဗွီဒီယိုဖိုင်​​တွေ၊Data ​တွေ၊Links ​တွေ၊Ebook ​တွေ၊Pdf File ​တွေ၊Document ​တွေ၊အစရှိတာ​တွေကို လျှင်​မြန်​စွာနဲ့ တည်​တည်​ငြိမ်​ငြိမ်​ ​ဒေါင်းလုဒ်​ဆွဲ​ပေးနိုင်​မယ့်​ Download Manager Application ​လေးဖြစ်​ပါတယ်။
ကိုယ်​​ဒေါင်းချင်​တဲ့ လင့်​ခ်​ကိုလည်း box​လေးထဲ
copy ကူးထည့်​ပြီး၊start ကိုနှိပ်​၍လည်း
လွယ်​ကူစွာ​ဒေါင်းနိုင်​မှာဖြစ်​ပါတယ်​။

-Apk File Size 1.7MB ​လောက်​ပဲရှိပြီး၊
Android OS Version 2.1 နဲ့အထက်​ရှိထား
သော ဖုန်းများမှာ ထည့်​သွင်း install လုပ်​၌ အသုံးပြုနိုင်​မှာ ဖြစ်​ပါတယ်​-

-Apk အား ​အောက်​က လင့်​ခ်​ မှာ​ဒေါင်းယူပါ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★ 

http://www.solidfiles.com/d/45d4ac7944/Advance-Download-Manager-v4.1.6-www.zawthwin.com.apk

Saturday, May 2, 2015

✔Add friend,Follower,Comment,Like ဖွင့်​နည်း/ပိတ်​နည်းပြုလုပ်​ပုံအ​ကြောင်း✔


































-ကိုယ်​မသိတဲ့သူ​တွေfriလာအပ်​မရ​အောင်​add friပိတ်​ထားပြီးfollowဖွင့်​​ပေးထားခြင်း၊ကိုယ့်​ကိုfollowလုပ်​ထားသူfollowerများအားမိမိ၏ပို့စ်​တွင်​comment,ဝင်​​ရေးခွင့်​ရ​အောင်​likeလုပ်​ခွင့်​ရ​အောင်​shareလုပ်​ခွင့်​ရ​အောင်​ပြုလုပ်​နည်း၊likeနှင့်​shareပဲဖွင့်​​ပေးပြီးcommentဝင်​​ရေးလို့မရ​အောင်​လုပ်​နည်း၊likeနှင့်​commentပါပိတ်​ထားနည်း၊
Add friနှင့်​Followပါ​ဖျောက်​ထားပြီးlikeနှင့်​commentဝင်​​ရေးမရ​အောင်​လုပ်​နည်း၊Add friနှင့်​Follow​ပေါ်​အောင်​လုပ်​ပြီးlike,comment,shareပါ​ပေါ်​အောင်​ပြုလုပ်​နည်း၊Add friနှင့်​Follow​ပေါ်​အောင်​လုပ်​၍like
နှင့်​shareပဲ​ပေါ်​အောင်​လုပ်​ကာcommentဝင်​​ရေးမရ​အောင်​လုပ်​နည်း
Add fri​ကောFollow​ကော​ဖျောက်​ထားပြီးlikeနှင့်​commentပါဝင်​​ရေးလို့မရ​အောင်​မ​ပေါ်​အောင်​ပြုလုပ်​နည်း၊Add fri​ကောFollow​ကောlike​ကော
commentပါ​မ​ပေါ်​အောင်​​ဖျောက်​ထားတဲ့အပြင်
messageပို့တဲ့chat boxကိုပါထပ်​မံ​ဖျောက်​ထား
နည်း.....စတာ​တွေကို​ရှင်းပြ​ရေးသား​ပေးလိုက်​ပါတယ်​-

★ပြုလုပ်​နည်းစာအုပ်​အား​ဒေါင်းရန်​★

http://www.solidfiles.com/d/e5c7101d8b/add-fri+follow+comment+like-%e1%80%96%e1%80%bc%e1%80%84%e1%80%b9%e2%80%8b%e1%80%b7%e1%80%94%e1%80%8a%e1%80%b9%e2%80%8b%e1%80%b8%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e2%80%8b%e1%80%94%e1%80%8a%e1%80%b9%e2%80%8b%e1%80%b8-kozawthwin.pdf

   အဆင်​​ပြေပါ​စေ။
       ကို​ဇော်​သွင်​(နည်းပညာ)